International News

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ပြန့်နှံ့မှုနှင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင်းပြိုင်ဆိုင်မှု ပြင်းထန်နေမှုကြောင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်

Last Updated:

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ပြန့်နှံမှုနှင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း ပြိုင်ဆိုင်မှု ပြင်းထန်နေမှုကြောင့် ရေနံစိမ်းဈေးနှုန်း များ ကျဆင်းလျက်ရှိရာမှ ၁၈-၁-၂၀၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် West Texas Intermediate ကြိုရောင်းဝယ်မှုတွင် အမေရိကန် ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၁.၇ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၈၅.၂၀ ထိ ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် ၂၀၁၄ ခုနှစ်တွင် ရှေးကျောက်(Share) မှ ထုတ်လုပ်သည့် ရေနံပြဿနာဖြစ်ပြီးနောက်ပိုင်း အမြင့်ဆုံးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်သည့် နိုင်ငံကြီးအဖြစ် ပြန်လည်ရပ်တည်လာခြင်းကြောင့် နှစ်ပေါင်းများစွာ ဈေးကျဆင်းလျက်ရှိသည့် ရေနံဈေးကွက် ပြန်လည်ရှင်သန်လာတော့ မည်ဖြစ်ကြောင်း ၁၈-၁-၂၀၂၂ ရက်နေ့ထုတ် The Wall Street Journal တွင် ဖော်ပြထားပါသည်။

အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများ၏ ပြိုင်ဆိုင်မှုသည် စွမ်းအင်ဈေးကွက်ကို ထိခိုက်မှုရှိလာနိုင်ကြောင်း၊ အထူးသဖြင့် ရေနံစိမ်းအဓိက ထုတ်လုပ်သည့် ရုရှနှင့် ယူအေအီးနိုင်ငံတို့မှ ရောင်းချမှုလျော့နည်းလာသည့်အတွက်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ဝင်ဘာလတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပြန့်နှံမှုကို အသိအမှတ်ပြုခဲ့သော်လည်း စက်သုံးဆီ သုံးစွဲမှု မကျဆင်ခဲ့ကြောင်း၊ ၁၈-၁-၂၀၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့သည့် နိုင်ငံများအသင်း -အိုပက်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယခုနှစ်တွင် တစ်ရက်လျှင် ကမ္ဘာစက်သုံးဆီ သုံးစွဲမှုသည် စည်ပေါင်း ၁၀၀.၈ သန်း ရှိသည်ဟု ခန့်မှန်းထားသည့်အတွင် ၂၀၂၁ ခုနှစ်ထက် စည်ပေါင်း ၄.၂ သန်း ပိုမိုသုံးစွဲလာနိုင်ကြောင်း၊ ရင်းနှီးမြှပ်နှံသူများသည် စွမ်းအင်ကုမ္ပဏီကြီးများတွင် ပိုမိုရင်းနှီးမြှပ်နှံ လာကြကြောင်း၊ ၂၀၂၂ ခုနှစ်တွင် S&P 500  အကောင်းဆုံးစွမ်းဆောင်သူအဖြစ် ရောက်ရှိလာမည်စု ခန့်မှန်း ကြကြောင်း၊ Chevron Corp သည်  ၉.၉ ရာခိုင်နှုန်းနှင့် Exxon  Mbbil  Corp သည် ၁၇ ရာခိုင်နှုန်း အသီးသီး  ရှယ်ယာတန် ဖိုးမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်လာစေသည့် နောက်ထပ်အကြောင်းခြင်းရာတစ်ခုမှာ အမေရိကန်ပြင်ပတွင် သဘာဝဓါတ်ငွေ့ ရှားလာမှုပင်ဖြစ်ကြောင်း၊ ဥရောပနှင့် အာရှတွင် သဘာဝဓါတ်ငွေ့မှ စက်သုံးဆီ ပြောင်းလဲသုံးစွဲလာခြင်းကြောင့် စက်သုံးဆီ ဝယ်ဆိုအားသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ရက်လျှင် စက်သုံးဆီ စည်ပေါင်း ၅ သိန်းခန့်မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်ရက်လျှင် နောက်ထပ် ၃ သိန်းခန့် မြင့်တက်လာနိုင်သည်ဟု Goldman Sachs Group မှ သုတေသီများက ခန့်မှန်းကြကြောင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းသည် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည့်အတွက် ကြိုရောင်းဝယ်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Source:https://www.wsj.com/articles/oil-prices-hit-seven-year-high-on-rising-geopolitical-tensions-11642507485?mod=hp_lead_pos5              

Category: International News